ပိလတ်မင်း/ရှေ့/တွင် စစ်ဆေးခံတော်မူခြင်း
15
နံနက်/စောစောအချိန်/တွင် ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ/သည် အကြီးအကဲများ၊ ကျမ်းတတ်ဆရာများ/နှင့် တရားလွှတ်တော်/မှ အဖွဲ့ဝင်များ/အားလုံး/နှင့်အတူ တွေ့ဆုံ/၍ ရှေ့ဆက်/လုပ်ဆောင်/ရမည့် ကိစ္စ/အတွက် တိုင်ပင်/ဆွေးနွေးကြ၏။ ထို့နောက် ယေရှု/ကို ချည်နှောင်/၍ ရောမ/ဘုရင်ခံ/ပိလတ်မင်း/ထံသို့ ခေါ်ဆောင်သွားကြ၏။
2 ပိလတ်မင်း/က ယေရှု/အား “သင်/သည် ဂျူးတို့/၏ ရှင်ဘုရင်/ဖြစ်သလော” ဟု မေးလေ၏။
ယေရှု/က “မင်းကြီး/ဆိုသည့်/အတိုင်း မှန်ပါသည်” ဟု ပြန်/၍ ဖြေတော်မူ၏။
3 ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ/သည် ယေရှု/ကို ပြစ်ချက်/များစွာ/နှင့် စွပ်စွဲကြ၏။ 4 ထိုအခါ ပိလတ်မင်း/က ယေရှု/အား “သင်/သည် တစ်စုံတစ်ရာ/မျှ မဖြေဘဲ/နေမည်လော။ သင့်/အား မည်မျှ/စွပ်စွဲထားသည်/ကို မကြားသလော” ဟု ဆို၏။ 5 သို့ရာတွင် ယေရှု/သည် စကား/တစ်ခွန်း/မျှ ပြန်/၍ မိန့်တော်မမူဘဲ/နေ/သဖြင့် ပိလတ်မင်း/သည် အလွန်/အံ့သြလေ၏။
6 ပသခါပွဲတော် ကျင်းပချိန်/တွင် ရောမ/ဘုရင်ခံ/သည် လူထု/တောင်းဆိုသော အကျဉ်းသား/တစ်ဦး/ကို နှစ်စဉ် လွတ်ငြိမ်းချမ်းသာခွင့် ပေးရလေ့/ရှိ၏။ 7 ထို/အချိန်/တွင် ဆူပူအုံကြွမှု/ဖြစ်စဉ်/၌ လူသတ်မှု/ကျူးလွန်/၍ အကျဉ်းချခံရသော/သူများ/ရှိကြ၏။ ထို/သူတို့/အထဲ/တွင် ဗာရဗ္ဗ/ဟု ခေါ်သော/သူလည်း/ပါ၏။ 8 လူထု/ပရိသတ်တို့/သည် ပိလတ်မင်း/ထံသို့ သွား/၍ ထုံးစံရှိသည့်/အတိုင်း အကျဉ်းသား/တစ်ဦး/ကို လွှတ်ပေး/ရန် တောင်းဆိုကြ၏။
9 ပိလတ်မင်း/က “သင်တို့/သည် ဤ/ဂျူးတို့/၏/ရှင်ဘုရင်/ဆိုသူ/ကို လွှတ်ပေး/စေလိုသလော” ဟု မေး၏။ 10 ထိုသို့/မေးရခြင်း/မှာ ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ/က ယေရှု/ကို မနာလို/၍ ဖမ်းဆီးကြောင်း ပိလတ်မင်း သိ/သောကြောင့် ဖြစ်၏။ 11 သို့သော် ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ/သည် ယေရှု/အစား ဗာရဗ္ဗ/ကို လွှတ်ပေးပါ/ဟု တောင်းဆိုကြ/ရန် လူထု/အား လှုံ့ဆော်ကြ၏။ 12 ထိုအခါ ပိလတ်မင်း/က “ဂျူးတို့/၏/ရှင်ဘုရင်/ဟု ခေါ်သော ဤ/သူ/ကို မည်သို့/ပြုရမည်နည်း” ဟု မေးလေ၏။
13 လူထု/ကလည်း “လက်ဝါးကပ်တိုင်/တွင် သတ်ပါ” ဟု အော်ဟစ်ပြောဆိုကြ၏။
14 ပိလတ်မင်း/က တစ်ဖန် “အဘယ်ကြောင့်နည်း။ သူ/သည် မည်သည့်/ပြစ်မူ/ကို ကျူးလွန်ခဲ့သနည်း” ဟု ဆက်/၍ မေးပြန်သော် လူထု/က “လက်ဝါးကပ်တိုင်/တွင် သတ်ပါ” ဟု ပို/၍ ကျယ်လောင်/စွာ အော်ဟစ်ကြ၏။
15 ထိုအခါ ပိလတ်မင်း/သည် လူထု/ကို စိတ်ကျေနပ်/စေရန် ဗာရဗ္ဗ/ကို လွှတ်ပေးလေ၏။ ယေရှု/ကို/မူ ကျာပွတ်/ဖြင့် ရိုက်နှက်စေ/ပြီးနောက် လက်ဝါးကပ်တိုင်/ပေါ်တွင် သတ်/ရန် ရောမစစ်သားများ/ထံသို့ အပ်လိုက်၏။
ယေရှု/ကို စစ်သားများ/က ပြက်ရယ်ပြုကြခြင်း
16 ထိုအခါ စစ်သားများ/သည် ယေရှု/ကို ပြဲတောရိ/ဟု ခေါ်သော ရုံးတော်/သို့ ခေါ်ဆောင်သွားကြ၏။ ထို့နောက် စစ်တပ်/တစ်တပ်လုံး/သည် ယေရှု/၏ အနား/သို့ စုရုံးလာကြ၏။ 17 သူတို့/သည် ယေရှု/ကို ခရမ်းရောင်/ဝတ်ရုံ ခြုံပေးကြ၏။ ထို့နောက် ဆူးခက်/ဖြင့် ရက်ထားသော/သရဖူ/တစ်ခု/ကိုလည်း ဦးခေါင်းတော်/၌ ဆောင်းပေးကြ၏။ 18 ကိုယ်တော်/အား “ဂျူးတို့/၏/ရှင်ဘုရင် ဘုန်းကြီးပါစေ” ဟု ပြက်ရယ်ပြု/လျက် နှုတ်ဆက်ကြ၏။ 19 ထို့နောက် သူတို့/သည် ကိုယ်တော်/၏ ဦးခေါင်းတော်/ကို ကျူရိုး/ဖြင့် ရိုက်ကြ၏။ တံတွေး/ဖြင့်/ထွေး/၍ ဒူးထောက်/လျက် ရှိခိုးကြ၏။ 20 ထိုသို့ ပြက်ရယ်ပြုကြ/ပြီးနောက် ခရမ်းရောင်/ဝတ်ရုံ/ကို ချွတ်/၍ အဝတ်တော်/ကို ပြန်ဝတ်ပေးကြ၏။ ထို့နောက် လက်ဝါးကပ်တိုင်/ပေါ်တွင် သတ်/ရန် ခေါ်ဆောင်သွားကြ၏။
လက်ဝါးကပ်တိုင်/၌ သတ်ခြင်း
21 ထို/အချိန်/၌ စစ်သားများ/သည် တောရွာ/မှ ပြန်လာသော ကုရေနေမြို့သားa ရှိမုန်/ကို/တွေ့/သဖြင့် သူ့/အား ယေရှု/၏ လက်ဝါးကပ်တိုင်/ကို အတင်းအကျပ်/ထမ်းစေကြ၏။ ရှိမုန်/သည် အလက်ဇန်းဒါး/နှင့် ရုဖု/တို့/၏ ဖခင်/ဖြစ်၏။
22 ထို့နောက် သူတို့/သည် ယေရှု/ကို ဂေါလဂေါသ/ဟု ခေါ်သော/အရပ်/သို့ ခေါ်ဆောင်သွားကြ၏။ ဂေါလဂေါသ/၏ အဓိပ္ပာယ်/မှာ ဦးခေါင်းခွံ/ဖြစ်၏။ 23 စစ်သားများ/က မုရန်/နှင့် ရောစပ်ထားသော/စပျစ်ဝိုင်/ကို ကိုယ်တော်/အား တိုက်ကြ၏။ သို့သော် ကိုယ်တော်/သည် သောက်တော်မမူ။
24 ထို့နောက် သူတို့/သည် ကိုယ်တော်/ကို လက်ဝါးကပ်တိုင်/ပေါ်တွင် ရိုက်ထားကြ၏။ ယေရှု/၏/အဝတ်တော်တို့/ကို မည်သူ/က မည်သည့်/အရာ/ရရှိမည်/ကို မဲနှိုက်/၍ အသီးသီး ခွဲဝေကြ၏။ 25 ယေရှု/ကို လက်ဝါးကပ်တိုင်/ပေါ်တွင် သတ်သည့်/အချိန်/မှာ နံနက်/ကိုးနာရီ/ခန့်b ဖြစ်၏။ 26 ယေရှု/ကို စွဲချက်တင်/၍ ရေးထိုးထားသည့် ကမ္ပည်း/မှာ “ဂျူးတို့/၏ ရှင်ဘုရင်” ဟူ၍ ဖြစ်၏။ 27 ဓားပြ/နှစ်ဦး/ကိုလည်း ယေရှု/နှင့်အတူ လက်ယာတော်ဘက်/တွင် တစ်ဦး၊ လက်ဝဲတော်ဘက်/တွင် တစ်ဦး လက်ဝါးကပ်တိုင်/တွင် ရိုက်ထားကြ၏။ 28 သို့ဖြစ်၍ “သူ/သည် ရာဇဝတ်/မှု ကျူးလွန်သူများ/စာရင်း/တွင် ထည့်သွင်းခြင်း/ခံရ၏”c ဟူသော ကျမ်းချက်/အတိုင်း ဖြစ်လာလေ၏။d
29 ဖြတ်သန်း/သွားလာ/သူတို့/သည် ခေါင်းခါ/လျက် “ဗိမာန်တော်/ကို ဖြိုဖျက်/၍ သုံးရက်/အတွင်း ပြန်တည်ဆောက်မည့်/သူ… 30 သင့်ကိုယ်သင်/ကယ်/၍ လက်ဝါးကပ်တိုင်/မှ ဆင်းလော့” ဟု ကိုယ်တော်/ကို ပြက်ရယ်ပြုကြ၏။
31 ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ/နှင့် ကျမ်းတတ်ဆရာများ/ကလည်း “သူ/သည် တစ်ပါးသူတို့/ကို ကယ်တင်၏။ မိမိ/ကိုယ်ကိုယ်/မူ မကယ်တင်နိုင်ပေ။ 32 အစ္စရေးတို့/၏/ရှင်ဘုရင်/ဟူသော ခရစ်တော်/သည် လက်ဝါးကပ်တိုင်/မှ ဆင်းလာပါစေ။ ဆင်းသည်/ကို ငါတို့/မြင်/လျှင် ယုံကြည်မည်” ဟု အော်ဟစ်/၍ ကိုယ်တော်/ကို ပြက်ရယ်ပြုကြ၏။ ကိုယ်တော်/နှင့်အတူ လက်ဝါးကပ်တိုင်/ပေါ်တွင် ရိုက်ထားခြင်း/ခံရသော/ဓားပြများ/ကလည်း ကိုယ်တော်/ကို ပြက်ရယ်ပြုကြ၏။
အသက်/ချုပ်တော်မူခြင်း
33 မွန်းတည့်ချိန်e/မှစ၍ မွန်းလွဲ/သုံးနာရီf/တိုင်အောင် မြေပြင်/တစ်ခွင်လုံး/တွင် အမှောင်ဖုံးလေ၏။ 34 မွန်းလွဲ/သုံးနာရီ/အချိန်ခန့်/တွင် ယေရှု/က “ဧလိ… ဧလိ… လာမရှာဗခသာနိ” ဟု ကျယ်လောင်/စွာ အော်ဟစ်တော်မူ၏။ ထို/စကား/၏/အဓိပ္ပာယ်/မှာ “အကျွန်ုပ်/ဘုရား… အကျွန်ုပ်/ဘုရား… အကျွန်ုပ်/ကို အဘယ်ကြောင့် စွန့်ပစ်တော်မူပါသနည်း”g ဟူ၍ ဖြစ်၏။
35 အနီး/တွင် ရပ်နေသော/လူ/တချို့/သည် ထို/စကား/ကို ကြား/လျှင် ယေရှု/သည် ပရောဖက်/ဧလိယ/ကို ခေါ်သည်/ဟု ထင်မှတ်ကြ၏။ 36 ထို/သူတို့/ထဲမှ လူ/တစ်ဦး/သည် ချက်ချင်း/ပြေး/၍ အချဉ်/ဖောက်ထားသော/စပျစ်ဝိုင်/၌ ရေမြှုပ်/ကို နှစ်/ပြီးလျှင် ကျူရိုးဖျား/၌ ချည်/လျက် ယေရှု/သောက်/ရန် ပေးလေ၏။ ထို့နောက် သူ/က “ရှိပါလေစေ။ ဧလိယ/သည် သူ့/ကို လက်ဝါးကပ်တိုင်/ပေါ်မှ အောက်/သို့ ချ/ရန် လာမည်/မလာမည်/ကို ကြည့်ကြစို့” ဟု ဆို၏။
37 ထို့နောက် ယေရှု/သည် ကျယ်လောင်သော/အသံဖြင့် နောက်တစ်ကြိမ်/အော်ဟစ်တော်မူ/ပြီးလျှင် အသက်/ချုပ်တော်မူ၏။ 38 ထိုအခါ ဗိမာန်တော်/ကန့်လန့်ကာ/သည် အထက်စွန်း/မှ အောက်စွန်း/တိုင်အောင် နှစ်ခြမ်း/ကွဲလေ၏။
39 ယေရှု/ရှေ့တော်တွင် ရပ်နေသော ရောမ/တပ်မှူး/သည် ယေရှု/၏ အသက်/ချုပ်တော်မူပုံ/ကို တွေ့မြင်ရ/သောအခါ “ဤ/သူ/သည် ဧကန်အမှန်/ပင် ဘုရားသခင်/၏ သားတော် ဖြစ်သည်” ဟု ဆိုလေ၏။
40 အမျိုးသမီး/တချို့/သည် အဝေး/က ရပ်/လျက် စောင့်ကြည့်နေကြ၏။ ထို/သူတို့/အထဲတွင် မာဂဒလမာရိ၊ ယာကုပ်/အငယ်/နှင့် ယောသေ/တို့/၏ မိခင်/ဖြစ်သော မာရိ/နှင့် ရှာလုံ/တို့ ပါကြ၏။ 41 သူတို့/သည် ဂါလိလဲပြည်/၌ ယေရှု/ရှိတော်မူ/စဉ် နောက်တော်/သို့ လိုက်/၍ လုပ်ကျွေး/ပြုစုခဲ့သူများ ဖြစ်ကြ၏။ ထို/သူတို့/အပြင် ယေရှု/နှင့်အတူ ဂျေရုဆလင်မြို့/သို့ လိုက်ပါလာကြသော အခြား/အမျိုးသမီးများ/သည်လည်း ထို/နေရာ/တွင် ရှိကြ၏။
ယေရှု/ကို သင်္ဂြိုဟ်ခြင်း
42 ထို/နေ့/သည် ပြင်ဆင်ရာနေ့/ဟူသော/အဖိတ်နေ့/ဖြစ်၏။ ညနေစောင်း/သောအခါ 43 ဂုဏ်သရေရှိသော/တရားလွှတ်တော်/အဖွဲ့ဝင်/တစ်ဦး/ဖြစ်ပြီး ဘုရားသခင်/၏/နိုင်ငံတော်/ကို စောင့်မျှော်နေသော အရိမဿဲမြို့သား ယောသပ်/သည် ပိလတ်မင်း/ထံသို့ ရဲရင့်/စွာ သွား/၍ ယေရှု/၏ အလောင်းတော်/ကို တောင်းလေ၏။ 44 ယေရှု/အသက်/ချုပ်တော်မူပြီ/ဖြစ်ကြောင်း/ကို ပိလတ်မင်း/သည် ကြား/သောအခါ အံဩ/၍ ရောမ/တပ်မှူး/ကို ခေါ်/ကာ အသက်/ချုပ်တော်မူသည်/မှာ ဟုတ်မဟုတ် မေးမြန်း၏။ 45 ရောမ/တပ်မှူး/ထံမှ ဟုတ်မှန်ကြောင်း/ကို ကြားသိ/သောအခါ ပိလတ်မင်း/သည် ယောသပ်/အား အလောင်းတော်/ကို ယူခွင့်ပြု၏။ 46 ယောသပ်/သည် ပိတ်ချော/ကို ဝယ်/ပြီးလျှင် အလောင်းတော်/ကို လက်ဝါးကပ်တိုင်/ပေါ်မှ ချ/၍ ထို/ပိတ်ချော/ဖြင့် ရစ်ပတ်၏။ ထို့နောက် ကျောက်ဆောင်/ကို/ထွင်းထားသည့်/သင်္ချိုင်းဂူ/တွင် အလောင်းတော်/ကို သင်္ဂြိုဟ်/ပြီးလျှင် ဂူဝ/၌ ကျောက်တုံး/ကို လှိမ့်/၍ ပိတ်ထား၏။ 47 မာဂဒလမာရိ/နှင့် ယောသေ/၏ မိခင်/မာရိ/တို့/သည် အလောင်းတော် သင်္ဂြိုဟ်သော/နေရာ/ကို တွေ့မြင်ကြ၏။